You are here

ဒီဇိုင်းပိုင်း အမိုက်စားဖန်တီးထားသလို ဈေးကလည်း အကြမ်းစားဖြစ်တဲ့ Porsche Design Huawei Mate 30 RS

Mobile
Huawei
Technology

Huawei ဟာ Mate 30 ၊ Mate 30 Pro တို့နှင့်အတူ တန်ဖိုးကြီး စမတ်ဖုန်းကိုမှ အသုံးပြုလိုတဲ့သူများအတွက် Porsche Design Huawei Mate 30 RS ကိုလည်း ကြေညာလာပါတယ်။ Porsche Design Huawei Mate 30 RS က Mate 30 Pro 5G နဲ့ အသုံးပြုထားတဲ့စနစ်က အတူတူ ဖြစ်ပြီး ဒီဇိုင်းဘဲ အဓိက ကွဲပြားပါတယ်။

Porsche Design Huawei Mate 30 RS မှာ မျက်နှာပြင် ၆.၅၃ လက်မ OLED ၊ 5G ပါဝင်တဲ့ Kirin 990 Chipset ၊ ကျောဘက်ကင်မရာလေးလုံး၊ ဘက်ထရီ 4500 mAh ပါဝင်ပါတယ်။

Porsche Design Huawei Mate 30 RS မှာ ကျောဘက်မှာ အကောင်းစားသားရေဖြင့် ဖန်တီးထားပြီး ကင်မရာဧရိယာမှာ မှန်သုံးထားပါတယ်။ Porsche Design Huawei Mate 30 RS ကို အနီရောင်၊ အနက်ရောင်တို့နှင့် ရွေးနိုင်ပါမယ်။

Porsche Design Huawei Mate 30 RS မှာ ပါဝင်တဲ့စနစ်နဲ့ပတ်သက်ပြီး အံ့သြဖို့ အကောင်းဆုံးကတော့ ကျောဘက်ကင်မရာလေးလုံးနှင့် Kirin 990 5G Chipset တို့ဘဲ ဖြစ်ပါတယ်။

Kirin 990 5G ကို 7nm Process+ EUV ဖြင့် တည်ဆောက်ထားတာ ဖြစ်ပြီး 5G Modem တပါတည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ ဒီ Chipset မှာ 2.86GHz ရှိ 2 Cortex-A76 ၊ 2.36GHz အထိ မြန်နှုန်းရှိတဲ့ 2-Cortex-A76 ပါဝင်ပါတယ်။ RAM12GB လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် Porsche Design Huawei Mate 30 RS မှာ Huawei Mate 30 Pro ထက် RAM4GB တောင် ပိုများပါတယ်။

ကျောဘက်ကင်မရာလေးလုံးက 40MP f/1.6+40MP f/1.8 Ultrawide+8MP f/2.4 (3x Telephoto)+3D ToF ဖြစ်ပါတယ်။

ရှေ့ကင်မရာက 32MP ဖြစ်ပြီး ဗီဒီယို ရိုက်ကူးမှုကို 1080p ဖြင့် ပြုလုပ်နိုင်ပါမယ်။ 3D ကင်မရာလည်း ပါဝင်ကာ လုံခြုံစိတ်ချရတဲ့ Face Unlock အတွက် အလုပ်လုပ်ပါမယ်။

ဒီဖုန်းမှာ မျက်နှာပြင် ၆.၅၃ လက်မ 1176x2400px OLED  ရုပ်ထွက်သုံးထားကာ ၈၈ ဒီဂရီထောင့်ကွေးမှန်သုံးထားပါတယ်။ Huawei က Horizon Display လို့ အမည်ပေးထားတဲ့ ရုပ်ထွက်ဒီဇိုင်း ဖြစ်ပါတယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 40W Wired Charging နှင့် 27 Wireless Charging ထောက်ပံ့ထားပါတယ်။

Porsche Design Huawei Mate 30 RS ရဲ့ ဈေးနှုန်းက ယူရို ၂၀၉၅ ဖြစ်ပါတယ်။ ဘယ်တော့ ရောင်းချမယ်ဆိုတာ မသိရသေးပါဘူး။

 

Related Articles