You are here

Kirin A1 Chipset သုံးထားကာ ၁၄ ရက်ကြာ အသုံးခံတဲ့ ဘက်ထရီပါဝင်တဲ့ Huawei Watch GT 2 ရဲ့ ကြေညာ

Gadgets
Huawei
Technology

Mate 30 စီးရီး၊ Porsche Design Huawei Mate 30 RS နှင့်အတူ Huawei ဟာ စမတ်နာရီသစ် Watch GT 2 ကိုလည်း ကြေညာလာပါတယ်။ Huawei Watch GT 2 မှာ စက်ဝိုင်းဒီဇိုင်းသုံးထားပြီး ယမန်နှစ် ဗားရှင်းနှင့် နှိုင်းယှဉ်ရင် ဘောင်က ကျဉ်းမြောင်းလာပါတယ်။ Kirin A1 Chipset သုံးထားကာ ပါဝါသုံးစွဲမှု နည်းပါးတာကြောင့် အသုံးပြုမှုကို ၂ ပတ်အထိ ပြုလုပ်နိုင်ပါမယ်။ Huawei Watch GT 2 ကို ၄၂ မီလီမီတာ၊ ၄၆ မီလီမီတာတို့နှင့် ရွေးချယ်နိုင်ပြီး နှစ်မျိုးလုံးမှာ မျက်နှာပြင် ၁.၃၉ လက်မ Always-on OLED ရုပ်ထွက် သုံးထားပါတယ်။

Watch GT 2 မှာ Kirin A1 Chipset သုံးထားကာ ဘက်ထရီသုံးစွဲမှုနည်းပါးပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ Bluetooth ဆက်သွယ်မှု ပါဝင်ပါတယ်။ Huawei က ဖုန်းနဲ့ မီတာ ၁၅၀ ကွာအနေအထားမှာ ရောက်တဲ့အထိ ချိတ်ဆက်မှု ပြုလုပ်နိုင်ကြောင်း ဆိုထားပါတယ်။

၄၂ မီလီမီတာဗားရှင်းမှာ 16MB RAM ၊ 4GB Storage ပါဝင်ပြီး ၄၆ မီလီမီတာဗားရှင်းမှာ 32MB RAM ပါဝင်ပါတယ်။ Huawei Watch GT 2 မှာ Huawei Lite OS သုံးထားကာ Android စမတ်ဖုန်းများရော iPhone များပါ ချိတ်ဆက် အသုံးပြုထားပါတယ်။

Watch GT 2 မှာ Bluetooth 5.1 ၊ နှလုံးခုန်နှုန်းတိုင်းဆင်ဆာ၊ GPS နှင့် Gyroscope ပါဝင်ပါတယ်။ အရွယ်အစားကြီးဗားရှင်း ၄၆ မီလီမီတာဗားရှင်းမှာ မိုက်ခရိုဖုန်းနဲ့ စပီကာလည်း ပါဝင်ပါတယ်။ ဒါကြောင့် အသုံးပြုအနေဖြင့် စမတ်ဖုန်းနဲ့ ဝေးတဲ့အနေအထားရောက်နေချိန်မှာ ဖုန်းပြောဆိုမှု ပြုလုပ်နိုင်ပါမယ်။ အားကစားလုပ်ဆောင်မှု ၁၅ မျိုးကို စောင့်ကြည့်ပေးနိုင်ပါတယ်။ ထူးခြားတာကတော့ ရေအောက်ရောက်နေချိန်မှာပါ နှလုံးခုန်နှုန်းတိုင်းတာပေးနိုင်တာ ဖြစ်ပါတယ်။ Huawei Trusleep 2.0 ပါဝင်ကာ အိပ်ချိန်ကို အကောင်းဆုံးစောင့်ကြည့်ပေးပါမယ်။

Huawei Watch GT 2 ကို ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင် ၁၄ ရက်အထိ အသုံးပြုနိုင်ကာ GPS တောက်လျှောက်ဖွင့်သုံးမယ်ဆိုရင် နာရီ ၃၀ သုံးနိုင်ပါမယ်။ ၄၂ မီလီမီတာဗားရှင်းမှာ ဘက်ထရီ 215 mAh နှင့် ၄၆ မီလီမီတာဗားရှင်းမှာ ဘက်ထရီ 455 mAh ပါဝင်ပါတယ်။

Huawei Watch GT 2 ကို လာမယ့်လမှာ စတင်ရောင်းချသွားပါမယ်။ ၄၂ မီလီမီတာဗားရှင်းဈေးနှုန်းက ဒေါ်လာ ၂၅၃ ဖြစ်ပြီး ၄၆ မီလီမီတာဗားရှင်းက ဈေးနှုန်း ဒေါ်လာ ၂၇၅ ဖြစ်ပါတယ်။

Related Articles