You are here

Snapdragon 675 SoC ၊ မျက်နှာပြင် ၆.၄၄ လက်မ AMOLED Screen ၊ Dual Pop-Up Selfie Camera တို့ ပါဝင်ပါတဲ့ Vivo V17 Pro ကို ကြေညာလာ

Mobile
VIVO
Technology

တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ ယခုလ အစောပိုင်းတုန်းက Snapdragon 712 SoC အသုံးပြုထားတဲ့ Vivo Z1x ကို ကြေညာရောင်းချခဲ့ပါတယ်။ ယနေ့မှာ Vivo ဟာ Vivo V17 Pro ကို ကြေညာလာပါတယ်။ Vivo V17 Pro က အလယ်အလတ်တန်း စမတ်ဖုန်း ဖြစ်ပေမယ့် Dual Pop-Up Selfie Camera ပါဝင်ပါတယ်။

Vivo V17 Pro မှာ မျက်နှာပြင် ၆.၄၄ လက်မ FHD+ Super AMOLED ရုပ်ထွက် အသုံးပြုထားကာ 2:9 Aspect Ratio သုံးထားပါတယ်။ In-Display Fingerprint Scanner ပါဝင်ကာ Notch ပါဝင်ခြင်း မရှိပါဘူး။ Dual Pop-Up Selfie Camera အသုံးပြုထားပါတယ်။

ရှေ့ကင်မရာနှစ်လုံးက 32MP နှင့် 8MP Ultrawide Angle ဖြစ်ပါတယ်။ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါတယ်။ Pop-Up Module မှာ သေးငယ်တဲ့ Earpiece နှင့် Flash တို့ ထည့်သွင်းထားပါတယ်။ Selfie Softlight ပါဝင်ကာ အလင်းရောင် အားနည်းချိန်မှာလည်း ဓာတ်ပုံကောင်း ရိုက်ကူးနိုင်ဖို့ ထောက်ပံ့ပေးပါမယ်။ ယင်းအတွက် Night Selfie စနစ်ကို ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး အလယ်မှာ ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ 48MP (Sony IMX586)+13MP Telephoto (2x Zoom)+8MP Ultrawide Angle+2MP Depth Sensor တို့ ဖြစ်ပါတယ်။ 8MP ကင်မရာဖြင့် ၂.၅ စင်တီမီတာအကွာမှ ရိုက်ကူးနိုင်ပါမယ်။

Vivo V17 Pro ကို Snapdragon 675 SoC ၊ RAM8GB နှင့်ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ပါတယ်။ Android Pie အခြေခံ Funtouch OS 9.1 သုံးထားပါတယ်။ Multi-Turbo နှင့် Game Mode တို့ ပါဝင်ပါတယ်။

Vivo V17 Pro ကို Crystal Black ၊ Crystal Sky အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီ 4100 mAh ပါဝင်ပြီး Dual-Engine Fast Charging (18W) ဖြင့် ထောက်ပံ့ထားပါတယ်။

ဈေးနှုန်းက ဒေါ်လာ ၄၂၀ ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချမှာ ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် အခြားဈေးကွက်များမှာလည်း ရောင်းချသွားဖို့ ရှိပါတယ်။

Related Articles