You are here

မျက်နှာပြင် ၆.၅ လက်မ QHD+ ရုပ်ထွက်၊ Snapdragon 865 ၊ 8K ဗီဒီယိုရိုက်ကူးမှုပါဝင်တဲ့ Aquos R5G ကို Sharp ကြေညာ

Mobile
Technology

Sharp ဟာ ဂျပန်ဈေးကွက်အတွက် အဆင့်မြင့် စမတ်ဖုန်း Aquos R5G ကို ကြေညာလာပါတယ်။ R5G က Sharp ရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းမှာ Notch နှစ်ခု ပါဝင်သလို အခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေလည်း ပါဝင်ပါတယ်။

Aquos R5G မှာ မျက်နှာပြင် ၆.၅ လက်မ IPS LCD QHD+ ရုပ်ထွက်၊ 120Hz Refresh Rate ပါဝင်ပါတယ်။ Waterdrop Notch ပါဝင်ပြီး ယင်းမှာ ရှေ့ကင်မရာ 16MP ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်ဘက်မှာလည်း လက်ဗွေရာစနစ်ကို Notch အတွင်းမှာ ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပါတယ်။ အဓိကကင်မရာနှင့် ဒုတိယ ကင်မရာတို့က 12MP+12MP Telephoto ဖြစ်ပြီး OIS ထောက်ပံ့ထားပါတယ်။ ကျန်ကင်မရာနှစ်လုံးက 48MP Ultrawide+ToF ဖြစ်ပါတယ်။ မြင်ကွင်းကျယ်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးမှုကို 8K ဖြင့် ပြုလုပ်နိုင်ပါတယ်။

Snapdragon 865 Chipset ၊ 12GB LPDDR5 RAM နှင့်အထိုင်ချထားပြီး 256GB UFS 3.0 Storage ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ရပါသေးတယ်။ Android 10 နှင့် ဘက်ထရီ 3730 mAh ပါဝင်ပါတယ်။ IP68 ရရှိထားတာကြောင့် ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်ကာ အလေးချိန် ၁၈၉ ဂရမ်လေးပါတယ်။

လက်ရှိအချိန်မှာ Aquos R5G ရဲ့ ဈေးနှုန်းနှင့် ရောင်းချမယ့်ကာလကို မသိရသေးပါဘူး။

Related Articles