You are here

Slide-Out Screen သုံးထားတဲ့ TCL ရဲ့ စမတ်ဖုန်းဒီဇိုင်းထွက်ပေါ်လာ

Gadgets
Mobile
Technology

TCL ဟာ MWC 2020 မှာ Slide-Out Screen ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို ပြသသွားဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် MWC 2020 ပွဲကို ဖျက်သိမ်းလိုက်မှုနဲ့အတူ TCL ရဲ့ Slide-Out Screen စမတ်ဖုန်းကို ပြသရေးဟာလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်များအတွက် ကံကောင်းတာကတော့ TCL ရဲ့ Slide-Out Screen သုံး စမတ်ဖုန်းရဲ့ ဒီဇိုင်းဓာတ်ပုံများ အွန်လိုင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

TCL ရဲ့ Slide-Out Screen စမတ်ဖုန်းအမည်ကိုတော့ မသိရသေးပါဘူး။ ဖုန်းကို ဘယ်ဖက်သို့ ဆွဲထုတ်ပြီး Tablet Mode အဖြစ် ပြောင်းသုံးနိုင်မှာ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီစနစ်က ခေါက်နိုင်တဲ့ရုပ်ထွက်ဒီဇိုင်းထက် ပိုမိုအဆင်ပြေ ကောင်းမွန်နေမှာ သေချာပါတယ်။ ဒါပေမယ့် Slide-Out Screen က အကြမ်းခံပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။

ဒီနေရာမှ တစ်ခု သတိပြုရမယ့်အချက်ကတော့ TCL Slide-Out Screen စမတ်ဖုန်းက ပုံကြမ်းအဆင့်မှာဘဲ ရှိသေးတာဖြစ်ပြီး တကယ်တမ်း ဈေးကွက်မှာ ရောင်းချနိုင်တဲ့အနေအထားသို့ရောက်ဖို့အတွက် နှစ်အနည်းငယ်ကြာ လုပ်ဆောင်လာဦးမယ့် အချက် ဖြစ်ပါတယ်။

Related Articles